ချင်းတိုင်းရင်းသားစာပေ သင်ကြားရေးကဏ္ဍ အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်
မကွေး၊ ဇူလိုင်လ ၂၄ ။ ။ မကွေးတိုင်း ဒေသကြီးအတွင်း
ချင်းတိုင်းရင်းသား စာပေ သင်ကြား သူဦး ရေမှာ ယခင်နှစ်ကထက်(၇)ဆကျော်
တိုးတက်များ ပြားလာပြီး သင်ကြားရေးကဏ္ဍတွင် ချင်းတိုင်းရင်းသား ဆရာ၊
ဆရာမများ ခန့်ထားရေးကိစ္စများလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း
မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးလှထွန်းထံမှ သိရသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်က သရက်၊ အောင်လံ၊ မင်းဘူး၊ စေတုတ္တရာ၊ ငဖဲ စသည့်
မြို့နယ်(၅)ခုရှိ တိုင်းရင်း သား စာပေသင် ကျောင်း(၁၉)ကျောင်း၊ ဆရာ၊
ဆရာမ(၂၃)ဦးဖြင့် ကျောင်းသားဦးရေ (၉၁၉)ဦး ကိုသာ သင်ကြား ပေးနိုင်ခဲ့ သော်လည်း
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မြို့နယ်(၁၂)မြို့နယ်အတွင်း
တိုင်းရင်းသား စာပေသင် ကျောင်း(၁၅)ကျောင်း၌ ဆရာ၊ ဆရာမ (၃၁၅)ဦးဖြင့်
ကျောင်းသားဦးရေ (၆၆၈၃)ဦး ထိ သင်ကြား ပေး နိုင်လာခဲ့ကြောင်း သိရသည်။
ချင်းတိုင်းရင်းသားတွေနေတဲ့ မြို့နယ်အားလုံးမှာ
တိုင်းရင်းသားစာပေတွေဖြစ်တဲ့ ဟားခါးစာ၊ ဇိုတုန်စာ၊ ချိုချင်းစာ၊ UPPU
(ခေါ်) ချင်းပုံစာ ၊ အရှိုစာတွေကို သင်ကြားပေးနိုင်ခဲ့ပါတယ်၊
ချင်းစာသင်ပေးတဲ့ ဆရာ၊ ဆရာမ(၃၁၅)ဦးအတွက် လုပ်အားခအဖြစ် တစ်လ
သုံးသောင်းကျပ်နှုန်းကို မကွေးတိုင်း ဒေသကြီး ပညာရေး ငွေစာရင်း ခေါင်းစဉ်ထဲက
ချီးမြှင့်ပေးဖို့ ညှိနှိုင်းဆောင်ရွက် ပေးနိုင် ခဲ့ပါတယ်ဟု
၀န်ကြီး ဦးလှထွန်းက ပြော သည်။
ဝန်ကြီးဌာန၏ စီမံချက်အရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးရေးရာ ပညာရေးဌာနနှင့် ညှိနှိုင်းကာ
တိုင်းရင်းသားစာပေ သင်ကြားပေးသည့် ဆရာ၊ ဆရာမများကို ခန့်ထားပေးရန်
စီစဉ်ဆောင်ရွက်နေကြောင်း ၄င်းမှ ဆက်လက်ပြောကြားသည်။
ချင်းစာပေ သင်ကြားရေး လုပ်ငန်းများ ပိုမိုထိရောက် စေရေးအတွက်
မြို့နယ် အသီးသီးတွင် ဖွဲ့စည်း ထားပြီးဖြစ်သည့်
စာပေနှင့်ယဉ်ကျေးမှုအသင်း(၂၀)မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အချို့
ပါ၀င်စေပြီး မကွေးတိုင်းဒေသကြီးအဆင့် စာပေ နှင့်ယဉ်ကျေးမှု
အသင်းဖွဲ့စည်းနိုင်ရေး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း
ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးရုံးမှ သိရသည်။
http://www.mizzimaburmese.com/article/29726

0 Comments