“ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို လျစ်လျူလုံးဝရှုမထားဘူး” (ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူနှင့် တွေ့ဆုံခြင်း)
![]() |
| (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) |
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား လွှတ်တော်တွင်
ဒုတိယသမ္မ တလောင်း အဖြစ် ချင်းတိုင်း ရင်းသား ဦးဟင်နရီ ဗန်ထီးယူကို မတ်လ
၁၀ရက်တွင် အဆိုပြုလိုက်ပြီဖြစ်သည်။ NLDပါတီ အမျိုးသား လွှတ် တော် အမတ်
ဦးဟင်နရီ ဗန်ထီးယူသည် တပ်မတော်တွင် နှစ်ပေါင်း (၂၀)ကြာ ဗိုလ်မှူး အဆင့်ထိ
တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဒုတိယသမ္မ တလောင်းအဖြစ်
အဆိုပြုခံရ သည့်အပေါ် စိတ်ခံစား ချက်၊ ဒုတိယ သမ္မတ တစ်ဦးဖြစ် လာပါက
လုပ်ဆောင် လိုသည့် အကြောင်း အရာများ စသည်တို့ကို မတ်လ ၁၀ရက်၊ နေ့လည် ပိုင်းတွင်
မဇ္ဈိမ အပါအဝင် မီဒီယာ အချို့က စည်ပင် ဧည့်ရိပ်သာ တွင် သွားရောက် တွေ့ဆုံကာ
မေးမြန်း ထားသည် များကို ဖော်ပြလိုက် ပါသည်။
မေး။ ။ ဒုသမ္မတရာထူး စာရင်းသွင်းမယ်ဆိုတာ ဘယ်ရက်ကတည်းက စ သိတာလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ လေး၊ ငါးရက် လောက်က စသိပါတယ်။ အတိအကျတော့ မပြောတော့ဘူး။ (ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာပါ )
မေး။ ။ ဒီလိုသိတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ အဲ့အချိန်မှာ ကျနော်တကယ် အံ့သြမိတယ်။ ကျနော့်မှာ အဲ့လောက်ထိ
မျှော်မှန်းရည် ရွယ်ထား တာ မရှိ ပါဘူး။ ရိုးရိုးသာမန် အမတ်အဆင့်နဲ့ပဲ
ဒီမှာလာပြီး ကိုယ့်ဒေသ အတွက် ပေါ့နော်။ ဒီမှာလာပြီး ပြည်သူ လူထု ကိုယ်စားပေါ့
ဒီမှာလာပြီး ပြောပေး မယ်ပေါ့။ ကျနော့်ကို ခေါ်ပြီး ဆန္ဒသဘော ထားလေး
မေးမြန်း ကြည့်တဲ့ အခါမှာ ကျနော် မထင်မှတ်တဲ့ very excited
(အရမ်း စိတ် လှုပ် ရှား) ဖြစ်သွား တာ ပေါ့။
မေး။ ။ မိသားစုရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော့် မိသားစုက ဒီလိုတာဝန်နဲ့ ပတ်သက်ပြီးတော့ ကျနော်
အမတ် စဖြစ်လာ ကတည်းက အများ ကြီး ဂုဏ်ယူ ပါတယ်။ အားလည်း ပေးပါတယ်။ ဘာပဲ
ပြောပြော ပေါ့နော် ကိုယ့်ဒေသ အတွက်၊ ကျနော် တို့ ချင်းပြည် နယ်က အင်မတန် မှကို
သူများ တခြား တိုင်းနဲ့ပြည် နယ်ထက် နောက်ကျ တာ ပေါ့။ ကိုယ့် ဒေသ အတွက်
တတ်စွမ်းသမျှ ပါဝင်ခွင့်ရ မှာဆိုတော့ (သူတို့) ဂုဏ်ယူကြ တာပေါ့။
အား လည်း ပေးကြ တယ်။ ဝမ်းလည်း သာပါ တယ်။
မေး။ ။ ဦးဟင်နရီရဲ့ ကိုယ်ရေးအကျဉ်းကို ပြောပြပါလား။
ဖြေ။ ။ ကျနော် အရင်က တပ်ထဲမှာ နှစ်နှစ် ဆယ်လောက် တာဝန်ထမ်း ဆောင်ခဲ့ တယ်။
ဗိုလ်မှုး အဆင့် ထိ တာဝန်ထမ်း ဆောင်တယ်။ ပြီးတော့မှ အမှတ် (၁)
စစ်မှုဝန် ကြီးဌာနကို ကျနော် ညွှန်ကြား ရေးမှုး အဆင့်နဲ့ ပြောင်းတယ်။
မန္တလေးမှာ ကျနော် ဗာဂျီးနီးယား စက်မှုလုပ်ငန်း လုပ်တယ်။ ပြီးတော့
ရန်ကုန် ရုံးချုပ် မှာ ဒါရိုက် တာ တစ်နှစ် လုပ်တယ်။ ပြီးတော့
ဘီးလင်း အရက်ချက် စက်ရုံမှာ သုံးနှစ် လုပ်တယ်။ စက်မှု (၁) မှာ ကိုးနှစ်၊
တပ်ထဲမှာ နှစ်နှစ် ဆယ်လောက် တာဝန် ထမ်းဆောင် ခဲ့တယ်။
မေး။ ။ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ယုံကြည်ချက် ရှိသလား။
ဖြေ။ ။ ကျနော့်မှာ ယုံကြည်ချက် ရှိပါတယ်။ ယုံကြည် ချက်က တာဝန်တစ်ခု
ပေးအပ် လာတဲ့ အခါမှာ အဲ့ တာ ဝန်ကို အကောင်း ဆုံး ကြိုးစားပြီး
အကောင် အထည် ဖေါ်မယ် ဆိုတဲ့ ခံယူချက် ရှိပါတယ်။
မေး။ ။ တိုင်းရင်းသားတွေ အများကြီးထဲက ချင်း တိုင်းရင်းသားဖြစ်တဲ့ ဦးဟင်နရီကိုမှ ရွေးချယ်တဲ့အတွက် ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ပါတီဥက္ကဌ ဒေါ်အောင် ဆန်းစု ကြည်က တိုင်းရင်းသား အားလုံးပါပဲ။
ကျနော်တို့ ချင်း ချည်းပဲ မဟုတ် ပါ ဘူး။ ကျနော်တို့
တိုင်းရင်းသား တွေ အားလုံးကို လျစ်လျူ လုံးဝရှု မထား ဘူး။
အတတ် နိုင်ဆုံး လက်တွဲ ခေါ်ပြီး တော့ တိုင်းပြည်မှာ ပူးပေါင်းပြီး
တာဝန်ထမ်း ဆောင်ကြ မယ်ဆိုတဲ့ အနေ အထား မျိုးပေါ့ နော်။
အန်တီ ဒေါ်အောင် ဆန်းစု ကြည်ဟာ တိုင်းရင်း သားတွေ အပေါ်မှာ အလေး အနက် ထားတယ်
ဆိုတာ မျိုး ပေါ့ ကျနော် အဲ့လိုပဲ ခံယူထားတယ်။
မေး။ ။ ဖွဲ့စည်းပုံအရဆိုရင် ဒုသမ္မတတွေရဲ့ လုပ်ပိုင်ခွင့်က
ပြောပလောက် အောင် မရှိဘူးပေါ့။ ဦးဟင်နရီ အနေနဲ့ ဘယ်အတိုင်း အတာထိ လုပ်နိုင်မယ်
ထင်ပါသလဲ။
ဖြေ။ ။ ဘယ်လောက် အတိုင်း အတာထိလဲ ဆိုရင် လက်တွေ့ လုပ်ကြည့်မှပဲ သိရမယ်ဗျ။
မလုပ်သေး ခင်တော့ မလုပ်ဖူး သေးဘူး ဆိုတော့ ကျနော် ဘယ်လိုမှ ပြောလို့
မရသေးဘူး။ လုပ်နေ ရင်းနဲ့ပဲ အတိုင်း အတာ ဆိုတာ ပေါ်မှာပေါ့။
မေး။ ။ ကိုယ်တိုင်က တိုင်းရင်းသားတစ် ယောက်ဖြစ်နေတော့ တိုင်းရင်းသား အရေး အပါအဝင် ဘာတွေ လုပ်ချင်တာ ရှိလဲ။
ဖြေ။ ။ အဓိက ကတော့ တိုင်းရင်းသား ဒေ သတော်တော် များများမှာ
ငြိမ်းချမ်း ရေးမရှိဘူး။ အဲ့ဒီ ငြိမ်း ချမ်း ရေး ပေါ့နော်။
အေးချမ်း တည်ငြိမ် ရေးကို ကျွန်တော်ဖြစ် စေချင် တယ်။ အထူး သဖြင့်
တိုင်း နဲ့ပြည် နယ် တွေမှာ ချင်းပြည် နယ်ဟာ ဖွံ့ဖြိုးတိုး တက်မှု
အနိမ့်ကျ ဆုံးဖြစ် ပါတယ်။ လမ်းပန်း ဆက်သွယ် ရေးဟာ ချင်းပြည် နယ်မှာ အင်မတန်မှ
အခက်အခဲ ဖြစ်ပါတယ်။ အဲ့ဒီဟာက အဓိက ဖြစ်နေ တယ်။ လိုအပ် ချက်တွေ ကတော့
အများကြီး ပါပဲ။
မေး။ ။ ငြိမ်းချမ်းရေး ကိစ္စကို ပြောသွား တယ်ပေါ့လေ။
ဒါနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန် လက်ထက်မှာ
တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ လောက်ပဲ NCAကို လက်မှတ် ထိုးတယ်။
တခြား အဖွဲ့တွေ ဘာကြောင့် မထိုး ဘူး လို့ ထင်လဲ။
ဖြေ။ ။ အဲ့ဒီဟာတွေနဲ့ ပတ်သက်လို့ ကျွန်တော်က သုံးသပ်ချက် ပေးလိုက် မယ်ဆိုရင် သိပ်တော့ မကောင်း ဘူး ထင်တယ်။
မေး။ ။ NLD အစိုးရ လက်ထက်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည် မှုရှိလား။
ဖြေ။ ။ ကျွန်တော် ယုံကြည်မှု ရှိတယ်။ ဘာကြောင့် လည်း ဆိုတော့
ကျွန်တော်တို့ ပါတီ ဥက္ကဌနဲ့ ပါတီ မူဝါဒက ငြိမ်းချမ်း ရေးကို
အဓိက ကြိုးစားပြီး လုပ်မယ် ဆိုပြီးတော့ ရည်ရွယ် ချက် လည်း ရှိ ပါတယ်။ ဒီဥစ္စာ ကို
ဦးစား ပေးလုပ် လိုက်မယ် ဆိုလို့ရှိရင် အခုအခင်း အကျင်းကို
ကြည့်လိုက် မယ် ဆိုရင် လည်း ကျွန် တော် တို့ တိုင်းရင်း သားတွေကို တော်တော် လေးကို
အဓိကနေရာ တာဝန် ပေးတာ တွေ့တဲ့ အခါမှာ ဒါဟာ တစ်ဖက်က ကြည့်မယ် ဆိုရင်
တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး အတွက် ဖြစ် သလိုပဲ၊
အမျိုးသား ရင်ကြား စေ့ရေး အတွက် လို့ပဲ ကျွန်တော် မှတ်ယူပါ တယ် ခင်ဗျ ….။
http://www.mizzimaburmese.com/article/12164

0 Comments