ချင်းအမျိုးသမီးတွေရဲ့ ပါးရဲထိုးတဲ့ ဓလေ့...
ဟိုးတချိန်က ချင်းပြည်နယ် တောင်ပိုင်းက အမျိုးသမီးအများစုဟာ ပါးရဲလို့ခေါ်တဲ့ မျက်နှာမှာ ဆေးမင်ကြောင် အပြည့်ထိုး တတ်ပါတယ်။ ဒီဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်လောက်က ပေါ်ပေါက် လာခဲ့တယ်လို့ ယူဆမှုတွေ ရှိပြီး ရိုးရာ ယုံကြည်မှုအရရော၊ အမျိုးသမီးတွေရဲ့ ခံယူချက် ကြောင့် ပါ အဲဒီက အမျိုးသမီးတွေရဲ့ မျက်နှာမှာ ပါးရဲ အပြည့်ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီခေတ် လူငယ် အမျိုးသမီး အများစုဟာ ပါးရဲ ထိုးလေ့ထိုးထ မရှိတော့တာကြောင့် ဒီရိုးရာ ဓလေ့ ပျောက်ကွယ် လုနီးပါး ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဦးက ချင်းပြည်နယ် တောင်ပိုင်းကို ကိုယ်တိုင် သွား ရောက် ရိုက်ကူးတင် ဆက်ပေးထား ပါတယ်။
(https://www.bbc.com/burmese/media-46676210 မှပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်)
(https://www.bbc.com/burmese/media-46676210 မှပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်)
0 Comments